Saturday, April 6, 2013

How to Backup Driver With Driver Genius Professional Edition


Chat မှာ တောင်းထားလို့ပါ.. ကျွန်တော် Driver Genius Professional Edition သုံးပြီး Driver Backup လုပ်တာလေးကို ပြောပြပါ့မယ်...

1.Driver Genius Professional Edition ကို Run လုပ်ပါ....
2.ပေါ်လာတဲ့ဘောက်ရဲ့ ဘယ်ဘက်ဘေးက Back Up Drivers ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ...

3.Driver တွေကို Analyze လုပ်သွားတာကို မြင်နေရမှာပါ...

4.ခဏနေရင်တော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာနဲ့ OS အလိုက် Driver တွေကို ဖေါ်ပြပေးမှာပါ...
5.ကိုယ်လိုချင်တဲ့ Driver အမျိုးအစားတွေကို အပေါင်းလက္ခဏာလေးကိုခွဲပြီး တစ်ခုချင်း Select လုပ်နိုင်သလို ကျွန်တော် ပြထားသလို အားလုံးကို ယူမယ်ဆိုပြီး အမှန်ခြစ် လုပ်ချင်လည်း လုပ်နိုင်ပါတယ်.. 
6.ပြီးရင်တော့ Next ပေါ့...
7.အခုဆိုရင် Back up လုပ်မယ့် Driver တွေကို ဘယ်မှာ သိမ်းမလဲဆိုပြီး နေရာတောင်းနေတာ ဖြစ်ပါတယ်...

 Browse ကိုတစ်ချက်နှိပ်ပြီး သိမ်းလိုတဲ့ Distination ကို ရွေးပေးရမှာဖြစ်ပါတယ်... (D,E,F) စသည်ဖြင့် တစ်ခုခုပေါ့... Backup လုပ်ထားမှာဖြစ်တဲ့အတွက် OS ကို ပြန်တင်တဲ့အခါ သုံးလို့ရအောင်လုပ်ရမှာဖြစ်ပါတယ်.. အဲဒီအတွက် OS ရှိတဲ့ Partition မှာ မသိမ်းမိစေဖို့ အလွန်အရေးကြီးပါတယ်... ပြီးရင် Next  ကိုနှိပ်ပါ...


8.အခုဆို အောက်ကပုံမှာပြထားတဲ့အတိုင်း Finish ဆိုတာလေးကို နှိပ်လိုက်ရင် Driver တွေကို Back Up လုပ်ပြီးပါပြီ....


 Driver Genius Professional Edition ဒေါင်းချင်ရင်

 အဆင်ပြေပါစေ...

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း



iOS app များကိုရယူရန် => http://www.myanmarmobileapp.com/category/iosapp/
iOS game များကိုရယူ၇န် => http://www.myanmarmobileapp.com/category/iosgame/
iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak လုပ်ထားတဲ့ iDevices တွေအတွက်ပဲဖြစ်ပါတယ်။ Cracked app တွေသွင်းဖို့ပါ။ အရင်ဆုံး iPhone/pad/pod ထဲသို့ဆော့ဝဲလှမ်းသွင်းဖို့အတွက် ကွန်ပျူတာမှာ iTools လို့ခေါ်တဲ့ ဆော့ဝဲလေးရှိရပါမယ်။ အောက်က link မှာရယူပါ။
Download Here:

Mirror Download link: iTools Download
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။ အောက်ပုံအတိုင်းပါ။



ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



iPhone/Pad/Pod touch ထဲသို့ app/game စတင်သွင်းနေပြီကိုမြင်ရပါမယ်။



100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS app,game လေးရောက်နေပြီဖြစ်ပါတယ်။

Sony Xperia Z ကို root လုပ်နည်း



Sony Xperia Z (Androied version 4.1.2) အတွက် Root လုပ်နည်းလေးပါ။ ဒီနည်းကို Xperia Z ရဲ့ Sony Stock Jelly Bean firmware ဖြစ်တဲ့ 10.1.D.0.317, 10.1.D.0.322, 10.1.A.1.350 တို့မှာစမ်းသပ်အောင်မြင်ထားပါတယ်။ ဒီနည်းလမ်းနဲ့ Sony Xperia Z ကိုကိုယ်တိုင်စမ်းသပ်ကြည့်ရာမှာလည်း အဆင်ပြေပြေနဲ့ root လုပ်နိုင်ခဲ့ပါတယ်။ ဒါဆို Sony Xperia Z ကိုစတင် root လုပ်လိုက်ကြရအောင်။
Sony Xperia Z ကို root လုပ်ဖို့အတွက်လိုအပ်တဲ့အချက်တွေကတော့-
၁။ ADB Flashtool driver ကိုကွန်ပျူတာမှာ အရင် install လုပ်ထားရပါမယ်။ အောက်က link မှာရယူပါ။
ADB Flashtool driver download
၂။ ဖုန်းရဲ့ Settings -> Display -> Sleep -> ထဲကိုဝင်ပြီး Screen timeout ကို 10 mins အထိထားပေးလိုက်ပါ။
၃။ ဖုန်းရဲ့ Settings -> Developer options -> Enable and Settings -> Developer options -> ထဲကိုဝင်ပြီး USB Debugging Mode ကို Enabled လုပ်ထားပါ။
၎။ ဖုန်းရဲ့ Settings -> Security -> Unknown source ကိုအမှန်ခြစ်ပေးထားပါ။
၅။ Xperia Z ကို root လုပ်ရန်အတွက်လိုအပ်တဲ့ Root toolkit ကိုအောက်က link မှာ download ရယူပါ။
Download Here:

Mirror Download link: Sony Xperia Z Root Toolkit အားရယူရန်
Toolkit အား download ရယူပြီးပြီဆိုလျှင် ကွန်ပျူတာရဲ့ Local Disk: (C) အောက်မှာ folder တစ်ခုဆောက်၍ ယင်း Toolkit အားဇစ်ဖြည်ပြီးထည့်ထားလိုက်ပါ။
၆။ PC Suite, Sony PC Companion, Flashtool စတဲ့ ဆော့ဝဲများကို ကွန်ပျူတာမှာ run ထားတယ်ဆိုရင် ယင်းဆော့ဝဲများကိုအကုန်ပိတ်ထားပါ။
၇။ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ထားပါ။
၈။ အဆင့်(၅) မှာတုန်းက download ရယူပြီး folder တစ်ခုဆောက်၍သိမ်းထားခဲ့တဲ့ Root Toolkit folder ထဲက Runme.bat ကို run လိုက်ပါ။
၉။ Runme.bat ကို run လိုက်လို့အောက်ပုံထဲကအတိုင်းတက်လာပြီဆိုရင် Root Process ကိုစတင်ရန်အတွက် ကွန်ပျူတာကီးဘုတ်ပေါ်က Enter ကိုတစ်ချက်နှိပ်လိုက်ပါ။

၁၀။ အပေါ်အဆင့်တွေမှာတုန်းက Driver ကိုမှန်ကန်စွာသွင်းခဲ့မယ်။ USB Debugging enabled လုပ်ထားခဲ့မယ်ဆိုရင် ဖုန်း Device ကို Root Toolkit ကသိပြီး
root process ကိုစတင်လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖုန်း screen ကိုမကြည့်ပါသေးနဲ့ဦး ။ ကွန်ပျူတာမှာ အခု run နေတဲ့ Root toolkit command box ကိုပဲကြည့်နေပါ။ Root Toolkit Command box မှာ “press the button to restore the data in your phone” ဆိုတဲ့စာသားပေါ်လာပြီဆိုရင် ဖုန်း screen မှာ ‘Restore Data’ ဆိုတာလေးပေါ်လာပါမယ်။ အဲဒါကိုရွေးပေးလိုက်ပါ။
၁၁။ ‘If Restoring data is complete,’ ဆိုတဲ့စာသားလေး ကွန်ပျူတာပေါ်က Root Toolkit command prompt မှာပေါ်လာပြီဆိုရင် Sony Xperia Z ရဲ့ ဖုန်းခေါ်တဲ့ function “Dial” ကိုသွားပြီး *#*#7378423#*#* လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲက Service tests ထဲကိုဝင်လိုက်ပါ။ Service Test ထဲဝင် ပြီးရင် Display ကိုထပ်ရွေးပေးလိုက်ပါ။
၁၂။ ကွန်ပျူတာပေါ်မှာ run နေတဲ့ rool toolkit ကဆက်လက်အလုပ်လုပ်နေပါလိမ့်မယ်။
၁၃။ အဆင့် (၁၂) ကို run နေချိန် ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button နှိပ်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။ ငါးစက္ကန့်လောက်အကြာမှာ ဖုန်းရဲ့ Power button ကိုနှိပ်ပြီး ဖုန်းကို Power ပြန်ဖွင့်လိုက်ပါ။
၁၄ ။ Power ပြန်ဖွင့်ပြီး ဖုန်းက boot တက်နေစဉ်အတွင်းမှာ ကွန်ပျူတာပေါ်မှာ run ထားတဲ့ Root Toolkit Command prompt မှာ transfer files to your phone part2″, “installing busybox,su,Superuser,etc… ” ဆိုတဲ့ စာသားပေါ်လာပါလိမ့်မယ်။ ပြီးရင် ‘Cleaning up’ ဆိုတဲ့စာသားထပ်ပေါ်လာပါမယ်။
၁၅။ ဖုန်းက auto reboot ကျသွားပါမယ်။
၁၆။ ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆို၇င်တော့ ဖုန်းရဲ့ all application ထဲမှာဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရောက်နေပြီဆိုရင်တော့ ဖုန်းကို အောင်မြင်စွာ root လုပ်ပြီးပြီဖြစ်ပါတယ်။
ref: http://www.ibtimes.co.uk/

SONY XPERIA S , SL , ACRO S 6.1.a.2.55 တွေ Bootloader UNlock မလုပ်ဘဲ ROOT နိုင်ပါပြီ

SONY XPERIA S , SL  6.1.a.2.55  တွေ  Bootloader UNlock  မလုပ်ဘဲ  ROOT နိုင်ပါပြီ
အရင်ကဆို BOOTLOADER UNLOCKED  လုပ်နေရတဲ့ BUILD NO တွေပါ
ခုတော့  ရေသောက်သလို  လွယ်ပါတယ်တဲ့   (  RICHARD TOH )  ကပြောတာ။

ခုတော့  ကျနော်တို့     အဆင်ပြေပြီပေါ့။
USB DEBUGGING ON ထားးပြီးး  ဖုန်းးနဲ့ ချိတ်ပေးးပြီးး   RUN လိုက်ရုံသာ    :)

XperiaS2

ကဲ   ဆွဲလိုက်ရအောင်
DOWNLOAD HERE

အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား။

TV အွန်းလိုင်း ဆိုဒ်လေးများရှိရင် ကူညီပါအုံးနော်

အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား. GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။

DOWNLOAD TVU Player (Downloads times 1454)

DOWNLOAD FROM IFILE.it

Wondershare PDF to Word Converter 4.0.1.2


Wondershare PDF to Word Converter ကို အသုံးပြုသူလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်ပါတယ်.. PDF ဖိုင်အမျိုးအစားကနေ Microsoft Office Word 2003/2007/2010 အမျိုးအစားတွေအဖြစ် ပြောင်လဲပေးနိုင်ပါတယ်.. သူ့မူရင်းဆိုဒ်မှာ 29.95 ဒေါ်လာ ဈေးကျသင့်မှာဖြစ်ပြီး မောင်ပေါက်ဆီမှာတော့ အလကား ရယူနိုင်ပါတယ်..

Convert PDF to Microsoft Word
Convert PDF to editable Word document with the original text, images, graphics, hyperlinks, layout, and formatting exactly preserved.
Support exporting PDF files to Microsoft Office Word 2003/2007/2010.
Convert Encrypted PDF Files
Support directly converting password encrypted PDF files which are protected from copying, editing, and printing.
For these PDF files that are protected from opening, users need to enter the right password to carry out the conversion.
Batch and Partial Conversion Modes
Batch conversion - Convert up to 200 PDF files at a time.
Partial conversion - Convert selected PDF page(s) or page ranges from a large PDF file.

အဆင်ပြေပါစေ..

မောင်ပေါက်

Setup Download Links: 11.2 MB

Serial Download Links: txt File