Tuesday, April 23, 2013

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း



လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

Dev-Host    Solidfiles   Mediafire

4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..


6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...


7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...

တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.

ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်... 

အဆင်ပြေကြပါစေခင်ဗျာ...

မောင်ပေါက်

Monday, April 22, 2013

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ


 
 

အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
 
Facebook မှာတွေ့လို့ ပြန်လည်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ ရေးထားတဲ့ ပညာရှင်ကို ဖော်ပြမပေးထား
တော့ ကျွန်တော် ဘယ်သူ့ကို Credit ပေးရမှန်းမသိပါဘူး။ ဒါ့ကြောင့်နားလည်ခွင့်လွတ်ပေးစေချင်ပါတယ်။

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း

  




ကျနော့ မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

youtube သီချင်းတွေကို online ကနေလွယ်ကူစွာ mp3 download လုပ်နည်းလေးပါ

kp3 နည်းပညာကပါ ကြိုက်မယ်ထင်လို့ပါ
ဒါလေးကတော့ youtube သီချင်းတွေကို online ကနေ mp3 ကို အခမဲ့ နဲ့ မြန်မြန်လေး download လုပ်၇တဲ့ဆိုဒ်လေးပါနော်.။။ youtube ကသီချင်းတွေကို ကြိုက်ရင်ဒီထဲမှာတခါတည်း mp3 လုပ်လိုက်ပေါ့။
အောက်မှာ ပုံနဲ့တကွပြထားပါတယ်နော် လွယ်လွယ်လေးပါ ပုံကိုကြည့်ပြီးလုပ်ကြည့်ပါနော်။

ဒီမှာဝင်ပြီးတော့ ကြိုက်တဲ့သီချင်းကို mp3 လုပ်လိုက်ပါနော်

(၁)။ 
         


(၂)။  
          


(၃)။
       


ပြီးသွားရင် သိမ်းထားချင်တဲ့နေရာမှာရွေးပြီး ok နိပ်လိုက်ပါ။ ၇ပြီပေါ့ဗျ လွယ်လွယ်ပါနော် အဆင်ပြေကြပါစေ
ဗျာ

internet speed connect software ကောင်းလေးသုံးချင်တဲ့သူတွေအတွက်

ဒါကတော့ အင်တာနက် speed ကိုပိုမြန်စေတဲ့ဆော့ဝဲလေးပါ။ လိုအပ်မယ်ထင်ပါတယ်။သူများတော့မသိဘူးဗျ
ကိုယ် ကိုယ်တိုင်ကိုကလိုနေတာ ဟိ။လိုင်းမကောင်းတဲ့သူတွေအတွက်ပေါ့ အများကြီးမဟုတ်ပေမယ့်လို့နည်း
နည်းတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ လင့်ပေးလိုက်မယ်နော် ကိုယ်ပိုင် download လင့်မလုပ်နိုင်သေး
လို့ လင့်ထဲမှာဘဲဝင်ဒေါင်းလိုက်ပါနော်။ အရမ်းကောင်းမယ်ထင်ပါတယ်။ သုံးစမ်းကြည့်ပေါ့ လိုအပ်တဲ့သူများအ
တွက် အဆင်ပြေမယ်ထင်ပါတယ်။ ကဲစမ်းကြည့်ကြပါအုံးနော်


ပုံကိုနိပ်ပြီးဝင် ဒေါင်းလိုက်ပါနော်

ဓါတ်ပုံပြင်ချင်တဲ့သူများအတွက် ဆိုဒ်လိပ်စာများ

သိတာလေးတွေကိုမှတ်ထားတာလေးတွေကိုပြန်မျှဝေလိုက်တာပါ။ကြိုက်တဲ့ဆိုဒ်ကိုေ၇ွှးပြီးစမ်းကြည့်ပါနော်
၁။   www.Funny.Pho.to


















































































အောက်မှာနမူနာပြင်ထားတာလေးပြထားပါတယ်


ဒါကမူလပုံလေးပါ။မပြောင်းခင်ကပုံလေးပါ
 

ဒါကတော့ပြောင်းပြီးသွားတဲ့ပုံလေးပါ
 


ဒီလိုပုံလှလှလေးတွေကိုပြင်လိုက်ကြရအောင်သယ်ချင်းတို့
ပြင်ပုံပြင်နည်းကို အောက်မှာပုံနဲ့တဂွပြတားပါတယ်
ဒါကတော့ပုံပြင်ဖို့ဆိုဒ်လေးပါ


ပုံပြင်တဲ့သူတွေအပေါ်ကဆိုဒ်ထဲဝင်လိုက်ပါ။ဝင်ပြီး၇င် ပထမစာမျက်နှာကို အောက်ကအဆင့် (၁)ပုံအတိုင်း
တွေ့၇ပါလိမ့်မယ်။ အဲဒီစာမျက်နှာမှာ ပုံထဲကတိုင်းကြိုက်တဲ့ဒီဇိုင်းကိုရွေးပြီးတော့ အဆင့်(၂)ကနေ့ (၅) အထိပုံမှာပြထား တဲ့အတိုင်းလုပ်ကြည့်ကြပါနော်

အဆင့် (၁)ပုံ
   

အဆင့်(၂)
  

အဆင့်(၃)
 

အဆင့်(၄)
 


အဆင့်(၅)
  


ကဲလုပ်ကြည့်ကြပါအုံးနော်...အဆင်ပြေကြမယ်လို့ထင်ပါတယ်ဗျာ ...အဆင်ပြေကြပါစေ

online ကနေအခမဲ့ photo editing လုပ်ချင်တဲ့သူများအတွက်


ကဲဒီတခါကျတော့ online ကနေ ဓါတ်ပုံပြင်ချင်တဲ့သူတွေအတွက်တင်ပေးလိုက်တာပါ။ kp3နည်းပညာ ဆိုဒ်က
ပါဘဲနော်။ သူငယ်ချင်းတွေက လုပ်ကြည့်ချင်တယ်ဆိုလို့တင်ပေးရင်းအကုန်အတွက်ပေါ့။ လင့်ပေါင်း (၃၁) ခု
လုံးတင်ပေးလိုက်ပါတယ်နော်...ကျွန်တော့မှာက လိုင်းကမကောင်းတော့ လိုအပ်တဲ့ဟာလေးတွေ ကောင်းတာ
လေးတွေကိုဘဲ copy လုပ်ပေးနေ၇တယ်ဗျ။ ဝါသနာပါတော့ မ၇ ၇တာလုပ်ရတာပေါ့နော်။သိတဲ့သူတွေလည်း
ခွင့်လွှတ်ကြပါလို့ပြောချင်ပါတယ် ။ ဒီကောင်က ကော်ဖီကြီးဘဲကူး နေတယ်ဆိုတာတော့ ပြောခံ၇မှာသေချာပါ
တယ်ဗျ  နားလည်ခွင့်လွှတ်ကြပါလို့ဘဲပြော၇မှာပေါ့နော်။ကိုင်တိုင်ရှာမွှေတာက နည်းတယ်လေ copy ကများ
နေတယ် လိုင်းကမကောင်းဘူးဗျ စိတ်ညစ်တယ် ကောင်းးကောင်း၇၇င်တော့ ကိုယ်ပိုင် မွှေရှာလို့၇ပြီဗျ။ သီးခံ
ကြပါအုံးနော် အားပေးနေတဲ့သူများလည်း ကဲလုပ်ကြည့်ကြမယ်လေ မိုက်တယ်နော် အကုန်လုံးတော့မလုပ်၇
သေးဘူး ပုံကိုကြည့်ထဲက မိုက်နေပြီနော်  ပုံနဲ့လင့်ပါတွဲထားပေးပါတယ်တခါတည်း။ မွှေကြည့်လိုက်

(၁)




(၂)




(၃)




(၄)



(၅)



(၆)



(၇)



(၈)



(၉)



(၁၀)



(၁၁)




(၁၂)




(၁၃)




(၁၄)




(၁၅)



(၁၆)



(၁၇)



(၁၈)



(၁၉)




(၂၀)



(၂၁)



(၂၂)



(၂၃)



(၂၄)




(၂၅)




(၂၆)




(၂၇)



(၂၈)



(၂၉)



(၃၀)



(၃၁)



ကဲ မွှေလိုက်ပေတော့ အားလုံအဆင်ပြေကြပါစေဗျာ
မှားတာတွေရှိရင် လည်းခွင့်လွှတ်ကြပါနော်