Chat မှာ တောင်းထားလို့ပါ.. ကျွန်တော် Driver Genius Professional Edition သုံးပြီး Driver Backup လုပ်တာလေးကို ပြောပြပါ့မယ်...
1.Driver Genius Professional Edition ကို Run လုပ်ပါ....
2.ပေါ်လာတဲ့ဘောက်ရဲ့ ဘယ်ဘက်ဘေးက Back Up Drivers ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ...
3.Driver တွေကို Analyze လုပ်သွားတာကို မြင်နေရမှာပါ...
4.ခဏနေရင်တော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာနဲ့ OS အလိုက် Driver တွေကို ဖေါ်ပြပေးမှာပါ...
5.ကိုယ်လိုချင်တဲ့ Driver အမျိုးအစားတွေကို အပေါင်းလက္ခဏာလေးကိုခွဲပြီး
တစ်ခုချင်း Select လုပ်နိုင်သလို ကျွန်တော် ပြထားသလို အားလုံးကို
ယူမယ်ဆိုပြီး အမှန်ခြစ် လုပ်ချင်လည်း လုပ်နိုင်ပါတယ်..
7.အခုဆိုရင် Back up လုပ်မယ့် Driver တွေကို ဘယ်မှာ သိမ်းမလဲဆိုပြီး နေရာတောင်းနေတာ ဖြစ်ပါတယ်...
Browse ကိုတစ်ချက်နှိပ်ပြီး သိမ်းလိုတဲ့ Distination ကို ရွေးပေးရမှာဖြစ်ပါတယ်... (D,E,F) စသည်ဖြင့် တစ်ခုခုပေါ့... Backup လုပ်ထားမှာဖြစ်တဲ့အတွက် OS ကို ပြန်တင်တဲ့အခါ သုံးလို့ရအောင်လုပ်ရမှာဖြစ်ပါတယ်.. အဲဒီအတွက် OS ရှိတဲ့ Partition မှာ မသိမ်းမိစေဖို့ အလွန်အရေးကြီးပါတယ်... ပြီးရင် Next ကိုနှိပ်ပါ...
8.အခုဆို အောက်ကပုံမှာပြထားတဲ့အတိုင်း Finish ဆိုတာလေးကို နှိပ်လိုက်ရင် Driver တွေကို Back Up လုပ်ပြီးပါပြီ....
Driver Genius Professional Edition ဒေါင်းချင်ရင်
အဆင်ပြေပါစေ...
No comments:
Post a Comment