Saturday, March 23, 2013

Hard Disk ကိုကိုယ်တိုင် Partation ခွဲကြရအောင်



ကျွန်တော် ဆရာတော် အရှင်အိန္ဓက မေးထားတာလေး ရှိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. ကျွန်တော် အရင်ကလည်း  EASEUS.Partition.Master.v7.1.1  ကိုအသုံးပြုပြီး Partation ခွဲနည်းကို ဗီဒီယို ဖိုင်လေးတွေနဲ့ တင်ပေးခဲ့ဖူးပါတယ် .. အခုတော့ ကျွန်တော် HarDisk တစ်လုံးကို Partation ဘယ်လိုခွဲ လို့ရမလည်း ဘယ်လိုနည်းလမ်းနဲ့ ဆိုရင် အဆင်ပြေမလည်း Hard Disk တစ်လုံးကို Format ပြန်ချပြီး Partation အသစ်ဘယ်လို ပြန်ခွဲမလည်း ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ကျွန်တော် အခုရေးပေး သွားမယ့် နည်းလမ်းလေးကတော့ လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြုနေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. 

ကျွန်တော်ကတော့ Hard Disk တစ်လုံးကို Partation ခွဲချင်တဲ့ အခါမှာ EASEUS.Partition.Master.v7.1.1 ကိုအသုံးပြု ပါတယ် .. ဒီကောင်လေး ကိုကျွန်တော် ဘာကြောင့် အသုံးပြုရတာလည်း ဆိုတော့ အသုံးပြုရတာ အဆင်ပြေသလို မိမိတို့ ခွဲချင်တဲ့ ပမာဏကို စိတ်ကြိုက် တွက်ချက်ပြီး  ခွဲပေးနိုင်တာ ကြောင့်လည်း ဖြစ်ပါတယ်  .. ပြီးရင် အသုံးပြု ရတာလည်း  လွယ်ကူပါတယ် .. 

အရင်ဆုံး Hard Disk တစ်လုံးကို Partation ခွဲတာကို မဖော်ပြခင် မိမိတို့က လက်ရှိအသုံးပြုနေတဲ့ Hard Disk ကြီးတစ်ခု လုံးကို Format ချပြီး Partation အသစ်ကနေ ပြန်ပြီးတော့ ခွဲချင်သူတွေ အတွက် Windows Installation လုပ်ရင်းနဲ့ Hard Disk တစ်ခုလုံးကို Format ဘယ်လို ချရမယ် ဆိုတာကို ရှင်းပြပေးထားတဲ့ Video File လေး တင်ပေးလိုက်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Video File လေးကို သေချာကြည့် လိုက်တာနဲ့ Hard Disk အဟောင်း တစ်လုံးကို Partation အသစ်ပြန်ခွဲ ချင်တဲ့ အခါမှာ ဘယ်လို Format ချမလည်း .. နောက်တစ်ချက်က Hard Disk အသစ်တစ်လုံးကို Windows တင်တဲ့ အခါမှာ မူရင်း Hard Disk ကနေပြီးတော့ Partation အသစ် တစ်ခု ဖန်တီးပြီး Windows Installtaion ဘယ်လို လုပ်ဆောင် ရမလည်း ဆိုတာကို သဘောပေါက် သွားမှာ ဖြစ်ပါတယ် ..  U-Tube ကနေ ကြည့်လို့ အဆင်မပြေ သူတွေ ကတော့ အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ .. 



အပေါ်က Video File လေးကို ကြည့်ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ Partation ဘယ်လို ခွဲမလည်း ဆိုတဲ့ အပိုင်းကို ဆက်ပြီး သွားကြရအောင် ဗျာ .. ကျွန်တော် အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ Windows အတွင်းမှ Partation ခွဲခြင်းလို့ ပြောရင်လည်း ရပါတယ် .. ဒါတွေကို မပြောခင် သိထားသင့် တာလေးတွေကို အရင် ရှင်းပြပေး သွားပါမယ် .. Hard Disk တစ်လုံးကို Partation ခွဲပြီ ဆိုရင် အားလုံးပဲ သတိထား ကြည့်ကြည့် လိုက်ပါ .. အရင်ဆုံး File System ကို သတ်မှတ် ပေးတဲ့ အခါမှာ ကျွန်တော် တို့အနေနဲ့ အခုနောက်ပိုင်းမှာ NTFS အမျိုးအစား ကိုသာ ရွေးချယ် ကြတော့ပါတယ် .. NTFS ကို ရွေးချယ် ကြသလို ဘာကြောင့် NTFS ကိုရွေးချယ် ကြတယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ် .. 

အရင်တုန်းက Hard Disk တွေကို Partation ခွဲတဲ့ အခါမှာ FAT File System ကို အသုံးပြုကြပါတယ် .. FAT  File System တုန်းက ဆိုရင် ကျွန်တော်တို့ အနေနဲ့  Hard Disk ရဲ့ FAT File System ထဲမှာ အစုလေး တွေခွဲထား ပါမယ် ..အဲ့ဒီ အစုလေး တစ်စုရဲ့  Data တွေ သိမ်းဆည်း နိုင်တဲ့ ပမာဏကို 32 KB သတ်မှတ်ထားပါတယ် .. ကျွန်တော် တို့အနေနဲ့ အဲ့ဒီ အစုကလေးတစ်ခုမှာ အချက်အလက် တစ်ခုကို သိမ်းတော့ မယ်ဆိုရင် အစုတစ်ခုကို Freespace က 12 KB ယူပါတယ် .. အဲ့ဒီအတွက် ကျွန်တော် တို့အနေနဲ့ သိမ်းလာတာ များလာပြီ ဆိုတာနဲ့  Freespace ကလည်း များလာမှာ ဖြစ်ပါတယ် .. ဒါက FAT  File System တုန်းကပါ ..

အခုနောက်ပိုင်း NTFS File System မှာကျတော့ ကျွန်တော်တို့ အနေနဲ့ စောစောက အစုကလေး တစ်စုမှာ အချက်အလက် တွေကို သိမ်းတဲ့အခါ ပေးလိုက်ရတဲ့ Free Space 12 KB နေရာမှာ 4 KB အထိ ချုံလိုက်တာ ဖြစ်တာအတွက် အချက်အလက်တွေ သိမ်းတဲ့အခါမှာ အရင် FAT File System တုန်းက ထက်စာရင် NTFS မှာ Free Space နည်း သွားတဲ့အတွက် သိမ်းဆည်းဖို့  Space ပိုများလာမှာ ဖြစ်ပါတယ် .. ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့ အနေနဲ့  Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် File System မှာ NTFS ကို အသုံးပြု ကြတော့တာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ Primary နဲ့ extended သတ်မှတ် ကြတာပဲ ဖြစ်ပါတယ် .. extended ကို Secondary Partation လို့လည်း ခေါ်ပါတယ် .. Primary Partation ကိုထားမယ် ဆိုရင် Hard Disk တစ်လုံးမှာ အများဆုံး Partation လေးပိုင်း အထိပဲ ထားလို့ ရတယ်ဆိုတာကို သိထားဖို့ လိုပါတယ် .. အများ အားဖြင့်တော့ Primary Partation ကို C တစ်ခုကို သားထားပြီး ကျန်တဲ့ Partation တွေကို ( Ectended ) Logical Partation ကိုသာ ထားကြပါတယ် .. Logical Partation ကတော့ အပိုင်း ( 24 ) ပိုင်းအထိ ထားလို့ ရပါတယ် .. ဒါပေမယ့် A နဲ့ B တော့ မပါပါဘူး ။။ A နဲ့ B က Floppy Drive အတွက် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ် ..

ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Primary Partation အကြောင်းကို အနည်းငယ် ပြောပြချင် ပါတယ် .. Primary Partation ဆိုတာ Windows တင်တဲ့ အခါမှာ Primary Partation မှာသာ Boot လုပ်ပေးတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ Windows Installation တွေ ပြုလုပ် တော့မယ်ဆိုရင် Primary ဖြစ် သတ်မှတ် ပေးထားတဲ့ Partation ပေါ်မှာသာ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ် .. နောက်တစ်ချက် လက်ရှိ သုံးနေတဲ့ Hard Disk ဟာ Badsector တွေများ ပြီး ပျက်စီးဖို့ များနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ Hard Disk ကြီးတစ်ခုလုံးကို Format ရိုက်ပြီး Partation တွေကို Primary ထားပြီး အသုံးပြု ခြင်းကလည်း Hard Disk ဆက်လက် အသုံးပြု နိုင်ဖို့ အတွက် အချိန် ဆွဲဆန့်ပေးနိုင်မှာ ဖြစ်ပါတယ် .. ဒီနေရာမှာ Primary Partation ကို 4 ပိုင်းသာ ထားနိုင်တယ် ဆိုတာကိုတော့ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ် ..

ကဲဒါဆိုရင်တော့ မိမိတို့ အနေနဲ့ Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် ဘာတွေကို ဘယ်လို သတ်မှတ် ပေးနိုင်တယ် ဆိုတာကို သိသွားပြီလို့ ထင်ပါတယ် .. ဆက်ပြီးတော့ EASEUS.Partition.Master.v7.1.1  ကို အသုံးပြုပြီး Partation ဘယ်လို ခွဲရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ Video File လေးတွေ တင်ပေးထားပါတယ် .. ဒီ Video File  လေးတွေကို သေချာကြည့်လိုက်တာနဲ့ အားလုံးပဲ အဆင်ပြေပြေ နဲ့ လုပ်ဆောင် တက်သွားပါလိမ့်မယ် ..  ကျွန်တော် နည်းနှစ်နည်း တင်ပေးထားပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ Partation တွေကို ပိုင်းတဲ့အခါမှာ MB နဲ့သာ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ 1 GB မှာ 1024 MB ရှိတယ် ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ် .. ဒါမှသာ တွက်တဲ့အခါမှာ အဆင်ပြေမှာ  ဖြစ်ပါတယ်. .. EASEUS.Partition.Master.v7.1.1  ကိုတော့ အောက်မှာ တင်ပေးထားပါတယ် ..

Partation တစ်ခုမှအသစ်ထပ်ခွဲခြင်း 

 

.ရှိပြီးသား Partation များထဲမှအသစ်ထပ်ခွဲခြင်း

.







Downloading From Ifile.it


Downloading From Ziddu


Downloading From Ziddu

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Hardware Installation ( မြန်မာပြန် ရှင်းလင်းချက် )

 
ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို Hardware ပိုင်းလေ့လာနေတဲ့သူများအတွက် အသုံးဝင်တဲ့ Tutorial လေးကို ပြန်ပြီးတော့ မျှဝေပေးပါမယ်.. ကျွန်တော်တို့ Hardware ကိုစတင်လေ့လာ နေတဲ့သူတွေ အတွက်တော့ အခုတင်ပေးလိုက်တဲ့ Tutorial လေးကအထောက်အကူပြု မှာအမှန်ပါပဲ .. ရှင်းပြပေးထားတဲ့သူရဲ့ စေတနာကိုလဲ လေးစားဖို့ကောင်းပါတယ်.. စာရေးထားတာမဟုတ်ပဲ Video File နဲ့ရှင်းပြပေးထားတာ ဖြစ်တဲ့အတွက် စာဖတ်ပျင်းပါတယ် ဆိုတဲ့သူတွေ အတွက်လဲ အထောက်အကူ ပြုမှာအမှန်ပါပဲ.. မိမိတို့က Hardware ပိုင်းကို ဘာမှမသိဘူးဆိုရင်တောင် သူရှင်းပြထား တာလေးတွေကို လိုက်ကြည့်ရင်းနဲ့ကို Motherboard ဆိုဘာကိုခေါ်တာလဲ ၊ CPU ဆိုတာဘာကို ပြောတာလဲဆို တာသိသွားပါလိမ့်မယ်.. အားလုံးကို အလွယ်တကူ လေ့လာနိုင်စေဖို့  ရည်ရွယ်ချက်နဲ့ ပြန်ပြီးမျှပေးတာပါ.. မိမိတို့ဆီ မှာအခုတင်ပေးလိုက်တဲ့ Tutorial Video တွေမရှိသေးဘူး ဆိုရင်တော့ ဒေါင်းလော့သာ ချထားလိုက်ပါ.. အရမ်းကပိုတန်ဖိုးရှိပါတယ်.. ကျွန်တော်ဒေါင်းလော့ ချရတာအဆင်ပြေအောင် ရှင်းပြပေးထားတဲ့ အပိုင်းတစ်ပိုင်းချင်းကို ခွဲပြီးတင်ပေးလိုက်ပါတယ်.. အားလုံးပေါင်း အပိုင်း ( ၁၀ ) ပိုင်းရှိပါတယ်..စိတ်ရှည်လက်ရှည် နဲ့သာဒေါင်းလော့ ချပြီးယူပေးပါ..အရမ်းကိုတန်ဖိုးရှိပါတယ်..
Download  From  Ifile.it
ကျွန်တော် Mutiupload မှာပါ တင်ပေးထားပါတယ်..နောက်ပိုင်းလင့်တွေ မသေအောင်ပါ.. အခုအောက်မှာ ပေးထားတဲ့ Mutiupload Link ကနေသွားလိုက်ရင် ဒီကောင်လေးကလင့်လင့်ထပ်ချိတ်ပေးထားပါတယ်.. မိမိတို့ကြိုက်တဲ့ လင့်တစ်လင့် ကနေဒေါင်းလော့ ချလိုက်ရင်ရပါပြီ.. လင့်တစ်လင့် သေသွားရင်တောင် နောက်ထပ်လင့်တွေ ကဒေါင်းလော့ချလို့ရအောင်ပါ..
သတိပေးချက် ။ ။ စီးပွားရေးအရ ပြန်လည် အသုံးချခြင်းများ လုံးဝ ( လုံးဝ ) မပြုလုပ်ပါရန်မေတ္တာရပ်ခံပါတယ်..