Monday, April 8, 2013

KakaoTalk Free Calls & Text V3.6.1




 
 
Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ ...အသံထွက်ကြည်သလို ဖက်ရှင်တွေလည်းတော်တော် စုံပါတယ် ....စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် .... Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး ...အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ကိုကြိုက်တဲ့သူ လူဦးရေ 2 သိန်းကျော်ပဲရှိပါတယ် ဒီKakaoTalk ကိုကြိုက်တဲ့သူက 1 သန်းပြည့်တော့ပါမယ် ။ အသုံးပြုတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ ....
Friends အပ်ဖို့ရန်လွယ်ကူစေဖို့ QR ဆိုတဲ့နည်းလေးတိုးလာပါတယ် ။ ကိုယ်အပ်မယ့်သူတစ်ယောက်ရဲ့ QR ဓါတ်ပုံကို Kakao ထဲကနေ ကင်မရာဖွင့်ပြီး ဖတ်လိုက်တာနဲ့ ကိုယ်အပ်မယ့်သူပေါ်လာပါလိမ့်မယ် ။ ကိုယ်ပိုင် QR ယူနည်းနဲ့အပ်မယ့်သူရဲ့ QR ဖတ်နည်းကို အောက်မှာ သေချာရေးပေးထားပါတယ်....

Friends အပ်နည်းကတော့.......


ဘယ်ဘက်ထောင့်ဆုံးက Friends ဆိုတဲ့အထဲကိုဝင်လိုက်ပါ ပြီးရင် အောက်ကMenu ခုလုတ်ကိုနှိပ်ပါ Find ဝင်ပါ အဲဒီမှာ Find Friends with IDs ရွေးပြီး သူငယ်ချင်း ID ကိုရိုက်ပြီးရိုက်လိုက်ပါ ပြီးရင်နှိပ်ပြီးအပ်လိုက်ပါ ID မှားနှိပ်မိရင် တခြားတစ်ယောက်ကိုမှားအပ်တာကြီးဖြစ်နေတတ်ပါတယ် ခိခိ စိတ်ချရတဲ့နည်းကတော့ ဖက်ရှင်အသစ်တိုးလာသော QR နဲ့အပ်နိုင်ပါတယ် ...


QR နဲ့ Friends အပ်နည်းကတော့.......

ဘယ်ဘက်ထောင့်ဆုံးက Friends ဆိုတဲ့အထဲကိုဝင်လိုက်ပါ ပြီးရင် အောက်ကMenu ခုလုတ်ကိုနှိပ်ပါ Find ဝင်ပါ အဲဒီမှာ Find Friends with QR code အဲဒီကိုဝင်လိုက်ရင် ကင်မရာပွင့်သွားမယ် ကိုယ်အပ်မယ့်သူရဲ့ QR ကိုဖတ်လိုက်ရင် ကိုအပ်မယ့်သူပေါ်လာမယ် ။ ကိုယ်ပိုင် QR ယူနည်းကတော့ အဲဒီပွင့်လာတဲ့ကင်မရာအောက်နားမှာ My QR code ဆိုတာဝင်လိုက်ပါ ကိုယ်ပိုင် QR ပေးပါလိမ့်မယ် အဲဒီပုံကို သိမ်းထားချင်ရင်ပဲဖြစ်ဖြစ် ရှယ်ချင်ရင်ပဲဖြစ်ဖြစ် အောက်မှာနှိပ်ပြီး သိမ်းနိုင်ပါတယ် ။ ပြီးရင် ကိုယ့်သူငယ်ချင်းက ကိုယ့်အပ်ချင်ရင် အဲ့ပုံပေးလိုက်ယုံပါပဲ ဖတ်ပြီးအပ်နိုင်ပါပြီ ကိုယ်အပ်မယ့်သူ တိတိကျကျကို ထွက်လာလိမ့်ပါမယ်.......
Download>>>  KakaoTalk V3.6.1

No comments:

Post a Comment