Tuesday, April 2, 2013
ရေစိုဖုန်း handset တွေကိုဘယ်လို ပြင်မလဲ
ဟဲ...ဟဲ....ဒါလေးကတော့လူတော်တော်များများစိတ်ဝင်စားကြမှာပါ.....
သင်္ကြန်ပြီးပြီးချင်းဖုန်းဆိုင်ကြော်ငြာတွေမှာရေစိုဖုန်းတွေကိုပြင်တယ်..
ဆိုတဲ့ကြော်ငြာတွေတော့စိတ်ဝင်စားမိတယ်ဗျာ၊ နောက်ခုလိုမိုးတွင်း
တွေဆိုဖုန်းတွေရေငွေ့ ရိုက်တာတို့ ၊ရေစိုတာတို့ ဖြစ်တတ်တယ်လေ
ဘယ်လိုများပြင်လဲပေါ့....အဓိကကတော့နည်းပညာပါပဲဗျာ.......
ကျွန်တော်လည်းဒီနည်းပညာသိရဖို့ တော်တော့်ကိုရှာဖွေလေ့လာပြီး
သုတေသနပြုခဲ့ရပါတယ်...ဒါလေးကိုဖတ်ပြီး တစ်စုံတစ်ရာအကျိုးရှိမယ်
ဆိုရင်ကျေနပ်ဝမ်းမြောက်လှပါပြီ.......
ရေစိုနေပြီ....
ဖုန်းထဲကိုရေ၀င်ပြီဆိုရင် အဓိကကတော့ Power ပိတ်လိုက်ပါ(သြော်...
အရမ်းရှင်းတယ်နော်...ဟုတ်တယ်လေ...power ရှိရင် shock ဖြစ်ဦး
မှာလေ.....ဒါကြောင့်ပထမအဆင့်အနေနဲ့ power ပိတ်လိုက်ပါတယ်)
ရေထဲကိုဒီလိုကျ......
ပြီးရင် phone ထဲက Battery နဲ့ SIM Card/RUIM Card တွေကိုထပ်
ဖြုတ်လိုက်ပါ။ပြီးရင်ရေနဲ့ မှန် cover လေးတွေနဲ့ အပေါ်ဘက်ကိုအ၀တ်
နဲ့ သုတ်ပါ။ဆေးသုတ်တဲ့ UPG ပုံးအလတ်စားလောက်ပုံးတစ်ပုံးကို
ခြောက်သွေ့ အောင်ထားပါ။ပြီးရင် မချက်၇သေးတဲ့ဆန်တွေကိုထည့်
အရင်ဆုံး Phone Battery ကိုထည့်ပါ။ပြီးရင် ဖုန်း handset ကို ထည့်
ပါ။ထည့်ပြီးရင် Phone Battery နဲ့Handset ကိုအပေါ်ကနေဆန်တွေ
အုပ်မိအောင်ဖုံးပါ။ SIM Card/ RUIM Card ကိုသပ်သပ်အခြောက်ထားပါ။
ပြီးရင် silica gel ထုပ်လေးတွေ( electronic devices တစ်ခုခုဝယ်ရင်
ပါတတ်ပါတယ်..ပုံမြင်အောင်ပြထားပါတယ်)ထည့်ပါ။
ဒါလေးကိုပြောတာပါ....တွေ့ ဖူးမယ်ထင်ပါတယ်...
ဒီလိုဘူးလေးရှိရင်ဒီလိုထည့်ပေါ့...မရှိရင်တော့ UPG ဘူးလောက်နဲ့ ဆိုဖြစ်တယ်
ပြီးရင်ပုံးကိုနည်းနည်းလှုပ်ပြီးထားပါ။ပြီးရင်တစ်ရက်၊တစ်ရက်ခွဲလောက်
ထားပေးပါ။ အဲဒီလောက်ထားပေးပြီးရင်ရပါပြီ......
ဘာလို့ အဲလိုလုပ်ရလဲဆိုတော့ Hair Dryer တွေနဲ့ ဆိုရင် ဖုန်း Handset
ကို overheat ဖြစ်စေတတ်ပြီးတော့ signal detection ပိုင်းကိုထိခိုက်
စေပါတယ်။ Microwave Oven တွေမှာဖုန်းကိုထည့်ပြီးအခြောက်ထား
ရင်လည်းထိခိုက်မှုကြီးမားစေပါတယ်။ဒါကြောင့်ဖုန်းအတွင်းပိုင်း ..
circuit ပေါ်မှာကျန်နေတဲ့ရေတွေကိုစုပ်ယူဖို့ အတွက်ဆန်ကိုအသုံးပြုခြင်း
ဖြစ်ပါတယ်။ဆန်ဟာရေငွေ့ နဲ့ ရေတွေစုပ်ယူမှုအားအကောင်းဆုံးဖြစ်လို့ 
အသုံးပြုတာဖြစ်ပါတယ်။ဒါပေမဲ့ ဆန်နဲ့ အတူ ဆန် အမှုန့် အမွှားလေးတွေ
ဝင်မှာစိုးလို့ silica gel ထုပ်ထည့်ထားတာဖြစ်ပါတယ်။....ကဲ...ဒါလောက်
ဆို သဘောပေါက်လောက်ပြီထင်တယ်ဗျာ။ကုန်ကျစားရိတ်ကြီးကြီးမားမား
မလိုအပ်ပဲနဲ့ ကိုယ့်ဖုန်း Handset ကိုရေစိုတာကနေပျက်စီးခြင်းတွေမဖြစ်
အောင်၊နောက်ဆိုင်သွားပြီးပြင်နေရမှာစိုးလို့ ကိုယ်ဖတ်မှတ်လေ့လာ
သိထားတာလေးတွေကို ရေးသားလိုက်ရပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ...ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ။
http://alanster.blogspot.com/ 
No comments:
Post a Comment