Friday, April 5, 2013

China Tablets Rooting

တရုတ်က လာတဲ့ Tablet တွေ တော်တော်များများကို Root ဖောက်ချင်ကြပါတယ်.. ဘယ်လိုဖောက်ရမလဲ?? မြန်မာစာ ဘယ်လိုထည့်မလဲ?? ဖောက်နည်း အသေးစိတ် သိရှိလိုသူတွေအတွက် ဒီပို့စ်လေး တင်ပေးလိုက်ပါတယ်.. မသိခင်က တော်တော်ခက်မယ်ထင်ရပေမယ့် သိသွားရင်တော့ အေးဆေးဖြစ်သွားမှာပါ.. ကဲ.. ဘယ်လိုအမြစ်တူးမလဲ ကြည့်ကြရအောင်နော်.. :)
-ပထမဆုံး Tablet ကို ပါဝါဖွင့်လိုက်ပါ.. ပြီးရင် setting ထဲမှာ USB Debugging မှာ အမှန်ခြစ်လေး ပေးထားလား ကြည့်ပေးပါ.. တရုတ်ကလာတဲ့ Tablet တော်တော်များများကတော့ USB Debugging အမှန်ခြစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ကွန်ပြူတာနဲ့ Tablet ကို Tablet ၀ယ်တုန်းက ပါလာတဲ့ USB ကြိုးနဲ့ ချိတ်လိုက်ပါ။ ချိတ်ပြီးရင် Driver အင်စတော လုပ်တာကို စောင့်ပါ။ အားလုံး အိုကေပြီဆိုရင် နောက်တစ်ဆင့် ဆက်သွားတာပေါ့..
-ပြီးရင် ဒီလင့်ခ်ကနေ ဒေါင်းလုပ်ဒ်ဆွဲပြီး Root လုပ်မယ့် ဖိုင်ကို ရယူပါ..
Dropbox
-ဖိုင်ကို ဒေါင်းလုပ်ဒ်ဆွဲတာ ပြီးပြီဆိုရင်တော့ Run လိုက်ပါ. ဘောက်စ်လေး တစ်ခုပေါ်လာပါလိမ့်မယ်.. အပေါ်ဆုံးက ခလုတ်ကို နှိပ်ပါ.. ခဏစောင့်ပါ. OK နှိပ်ပါ.
ပြီးရင် စာတန်းတွေ ပြေးသွားပြီး နောက်ဆုံး OK ဆိုတာကို နှိပ်ပြီးရင်တော့ Tablet ထဲမှာ Menu ထဲဝင်ပြီး superuser ပေါ်မပေါ် စစ်ကြည့်ပါ.. ပေါ်ပြီဆိုရင် Tablet တစ်ခုကို အောင်မြင်စွာ Root လုပ်ပြီးသွားပြီလို့ မှတ်ယူနိုင်ပါပြီ..

No comments:

Post a Comment