Thursday, April 4, 2013

All in One Boot CD(HBCD)



All in  one boot CD လို့ခေါ်တဲ့ Hiren's Boot CD ဟာဆိုရင် Window သမားများ Window ပြင်တဲ့ သူများ လက်ကိုင်ထားရမယ့် တခါတည်း အခွေရိုက်ပြီးဆောင်ထားရမယ် Boot CD ပါ။ ဟာ... ဒါဆို သူကဘာတွေ များ အသုံးဝင်လို့လည်း လို့မေးရင် ဖြေရမှာတွေက အများကြီးပါ။
ဥပမာ အနေနဲ့ပြောရရင် မိမိသုံးနေတဲ့ စက်မှာ မိမိ အကောင် ပက်ဝက်စ် မေ့သွားလို့ ပြန်ဝင်လို့မရတာတွေ ကစပြီး Live CD အထိပါသုံးနိုင်ပါတယ်။
သူ့ထဲမှာပါဝင်တာတွေက

>> Partition Tools >>Backup Tools >> Password and Registry Tools >>Recovery Tools >> Harddisk Tools >> File Managers >> Anti Spyware >> Cleaners >> Optimizers >> Tweakers >> BIOS / CMOS Tools စသည်ဖြင့် ကျနော်မသိသေးသော Tools များလည်း ရှိနေပါအုံးမယ်။
 ကျနော် ကသူ့ကို မရှိမဖြစ်လေးတော့ ဆောင်ထားမိပါတယ်။ တကယ်လည်း အသုံးဝင်ပါတယ်။ ကျန်တာလေး တွေကိုတော့ အင်တာနက်သုံးပြီး ဆက်လက်မွှေနှောက် လိုက်ပါအုံးနော်။
သူ့ကိုအောက်ပါနေရာမှာ ဒေါင်းပါ။

Hiren's Boot CD

သူကိုဒေါင်းလိုက်ရင် 500 MB လောက်ရှိတဲ့ zip ဖိုင် တစ်ဖိုင်ရပါမယ်။
အဲဒီ zip file ကိုဖြည်လိုက်ရင် ISO file ရပါမယ်။
အဲဒါကို Burning တစ်ခုခုနဲ့ burn လိုက်ပါ။ အောက်မှာ freeware burning links ပေးလိုက်ပါမယ်။
ဘယ်လိုက် ဘမ်းရမှန်း မသိသူများအတွက် ပိုစ့်တစ်ခုရေးပေးပါမယ်။

CD Burner XP
InfraRecorder

CD အချပ်လေးထည့်ပြီး Burn လိုက်ရင် လိုအပ်တဲ့ အချိန်တွေမှာ အသင်သုံးလို့ရတဲ့ All in One Boot CD လေးဖြစ်သွားပါပြီ။ မိမိစက်ရဲ့ အခက်အခဲများ အားလုံးကို ကိုယ်တိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။
ISO file လေးကိုလည်း သိမ်းထားပြီး USB Boot အဖြစ်သုံးပြီးဖြေရှင်းနိုင်ပါတယ်။
အဲဒါကိုတော့ အောက်မှပေးထားတဲ့ လင့်ကသွားပြီး အသေးစိတ် ဖတ်နိုင်ပါတယ်။ ပိုစ့် ရှည်နေလို့ ဆက်မရေးတော့တာပါ။ အဆင်မပြေခဲ့ရင်ပြောပါ ပြန်ရေးပေးမှာပေါ့။

Hiren's boot cd usb-booting

ကဲ အားလုံးပဲအဆင်ပြေကြပါစေလို့............

No comments:

Post a Comment