Saturday, March 30, 2013

ဘောလုံးပွဲ ရလဒ် ဂိုးများကို Live Score ဆော့ဝဲလေးနဲ့ ကြည့်မယ်

ကဲ  ဘောလုံးပွဲ ပရိတ်သတ် များ အတွက် သတင်း ကောင်းပဲ ဘောလုံး
ပွဲ ထိုးတဲ့  သူများလည်း အကြိုက်ဖြစ်မယ်ထင်ပါတယ် ညမကြည့်ဖြစ်
လို့  မနက် လိုက်မေးနေစရာမလို တော့ဘူး  ဒီဆော့ဝဲလေး သုံးထား
တော့ အင်တာနက် ပေါ် တက်လိုက်တာ နဲ့ သိပြီ 
   ဘောလုံးပွဲ ပရိတ်သတ် ကတော့ တော်တော်များမယ်ထင်တယ်
အစုံ အလင်ဖော်ပြတဲ့  ဒီဆော့ဝဲ လေးနဲ့  ဆို ပွဲသိမ်းပြီပေါ့ဗျာ
ကဲ ကျွန်တော် ကတော့ ဘောလုံးပွဲ မကြည့် တတ်တော့ ဘာတွေ
အသုံးဝင်လည်းတော့ အသေးစိတ် မလေ့လာ ရသေးဘူး သူငယ်ချင်း
တို့ လည်း ယူပြီးတော့ လေ့လာကြည့်ပါဦး


Android Phone အတွက် Application အသစ်များ


 

                         အခုနောက်ပိုင်းမှာ ကျွန်တော်တို့ဆီမှာ Android ဖုန်းတွေတော်တော်များများ အသုံးပြု
လာကြပါတယ်။ လူသုံးများလာတဲ့အတွက် လူတိုင်းစိတ်ဝင်စားစေမယ့် Android ဖုန်းအတွက် Application
အသစ်တွေကိုတွေ့ထားလို့ အားလုံးအတွက် ပြန်လည်ပြီးမျှဝေပေးချင်ပါတယ်ဗျာ။ ဒါလေးကိုကျွန်တော်သူ
များဆီကနေယူသုံးထားတာဖြစ်ပါတယ်။ Bro မောင်ညီ ဆီကနေယူပြီး ပြန်လည်မျှဝေပေးထားတာဖြစ်ပါ
တယ်ဗျာ။ အောက်မှာလည်း ပါဝင်တဲ့ Application အသစ်တွေကို ဖော်ပြပေးထားပါတယ်။

Android ဖုန်းများအတွက် apps အသစ်ထွတ်တာကို စုစည်းထားပါတယ်။
ပါဝင်တဲ့ apps များ မှာ
Facebook for Android v1.9.2
PicsPlay Pro-FX Photo Editor v2 0-AnDrOiD
Alarm Clock by doubleTwist v1.1
PhotoShake Pro v1 8 2-AnDrOiD
Paper Camera v3 0d-AnDrOiD
ZDbox (All-In-One toolbox) v3 2 197-AnDrOiD
Wifi Analyzer v3 1 1
WeatherBug Elite v2 5 506
Tasks v1 2 4
System Tuner Pro v1 8 1
SMS Backup and Restore Pro v5 6
Shot Control v2 3 1
Screenshot ER PRO v2 3 3 4 v2 20 ROOTED PHONES
Retro Camera Plus v3 82
Remote Web Desktop FULL v5 9 0
ProPanorama v1 38
ProCapture-Camera and Panorama v1 38 update build 35

စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါ
စေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjukFBnjouaXRBd4_4NXB6AXizDpWhlT2V4owAZxSneWZK4WN-ksMDUsHU5ZQJWfrBdJcXz59_Xc7nZhmeHNXLlmRr7ISJdd9VWik8FRYo_Rs-8LlS2_D_dVRtz14bqAimqj4fNNU6EFn4/h120/image005.gif

MM years 100.apkမြန်မာနှစ်တစ်ရာ ပြက္ခဒိန်ဆော့ဖ်ဝဲ လေးပါ။

မြန်မာနှစ်တစ်ရာ ပြက္ခဒိန် ဆော့ဖ်ဝဲ လေးပါ။google play store ကနေရယူထားတာပါ။
image
image
image
image
image
image
image
သုံးချင်သူများ ဒီမှာDOWNLOAD LINK ယူပါ။
ဆော့ဖ်ဝဲ များကို virus ပိုးများ စစ်ဆေးပြီး တင်ထားသဖြင့် စိတ်ချစွာ အသုံးပြု နိုင်ပါသည်။
“ကိုဇော်သွင်”
(စန္ဒယားနှင့်ကီးဘုတ်)

ဖုန်းလာတဲ့  ချိန် Flash မီးလေး လင်းစေတဲ့  ဆော့ဝဲ

ဖုန်းလာတဲ့  အချိန် မီးလေး မိတ်လိုက် လင်းလိုက်လေး သူများ
ဖုန်းတွေ မှာတွေ့ မိလို့  သဘောကျ နေတာ Android ဖုန်း အတွက်
လည်း ရှိတယ်ဆိုတော့ လန်းသွားတာပေါ့ ဗျာ ဖုန်းလာရင်
စတိုင်လေးနဲ့  ဖလမ်းဖလမ်း ထမယ်  အောက်မှယူသွားပါ

iOS 6.1 firmware များ download ရယူနိုင်ပါပြီ။


Apple က iOS 6.1 update အသစ်ကိုထုတ်ပေးလိုက်ပါပြီ ။ iPhone 5, iPhone 4S , iPhone 4 , iPhone 3GS , iPad Mini , iPad 3 , iPad 4 , iPad 2 , iPod touch 4th generation နဲ့ iPod touch 5th generation တို့ကို iOS 6.1 သို့ update လုပ်နိုင်မှာဖြစ်ပါတယ်။ iDevices များထဲမှ iOS 6.1 သို့ တိုက်ရိုက် update လုပ်ချင်တယ်ဆိုရင်တော့ Setting > General > Software Update ထဲကိုဝင်ပြီး iOS 6.1 ကို update ရယူနိုင်မှာဖြစ်ပါတယ်။ iOS 6.1 firmware များကို ကွန်ပျူတာမှတစ်ဆင့် direct download ရယူချင်တယ်ဆိုရင်တော့ အောက်က link များမှာ မိမိတို့သက်ဆိုင်ရာ device အလိုက် download ရယူနိင်ပါတယ်။

Google Play က ပိုက်ဆံပေးဝယ်ရတဲ့ App တွေကို Free ရယူပေးမယ့် Freedom Google Play APK 0.7.8


Freedom Google Play APK 0.7.8 ဟာ Google Play က ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ App တွေကို Free Download ချလို့ရမယ်လို့ သိရပါတယ်.. ဒီ App ကို မစမ်းရသေးကြောင်း ဦးစွာပြောကြားလိုပါတယ်.. မိတ်ဆွေများ စမ်းသပ်ဖို့တင်ပေးလိုက်တာပါ.. ဒီ App ကိုသုံးမယ်ဆိုရင် Android Version 2.2 နဲ့ အထက် လိုအပ်မှာဖြစ်ပြီး Root လုပ်ထားဖို့လည်း လိုမှာဖြစ်ပါတယ်.. ဒီ App ကို Install မလုပ်မီ Root ဖြစ်တာသေချာရဲ့လား၊ Unknown Source မှာ အမှန်ခြစ်ထားရဲ့လား စစ်ဆေးကြည့်ဖို့ လိုပါတယ်.. တကယ်လို့များ Unknown Source မှာ အမှန်ခြစ်ဖို့ မေ့နေခဲ့ရင် Setting > Application > Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ.. ဟိုနေ့က မိတ်ဆွေတစ်ယောက် Huawei မှာ Setting မတွေ့ဘူးလို့ ပြောပါတယ်.. Setting ရဲ့ Icon ဟာ ပင်နယံ(စက်သွား)ပုံဖြစ်ပါတယ်.. ရဲ့ကီးပက်ကနေနှိပ်မယ်ဆိုရင် များသောအားဖြင့် မျဉ်းတို ၄ ချောင်း အပြိုင်ဖြစ်တေဲ့ ပုံလေးကိုနှိပ်ရမှာဖြစ်ပါတယ်.. (ဆရာလုပ်ခြင်းမဟုတ်ပါ.. Setting ကို မတွေ့ဘူးဆိုလို့ပါ)
ဒီ App ကို လိုချင်ရင်တော့ အောက်မှာ လင့် (၃)ခု တင်ပေးထားပါတယ်.. အဆင်ပြေတဲ့လင့်ကသာ ဒေါင်းလိုက်ပါ..

Overview: To use Freedom Google Play in-app purchase hack.you need to perform threeeasy steps
Download Freedom
Install and run it on Android device.
Choose and tap on app which you wish to get for free.
How To Use Freedom App To Hack Google Play In-App Purchase:

Step 1. First you need to download Freedom APK file.
Step 2. After downloading go to Security settings on your device and make sure that you enable “Unknown Sources”.
Step 3. Now just install Freedom app and open it allowing superuser permissions request.
Step 4. After successful installation go to Google Play and choose the app you want todownload.
Step 5. Now just make free in-app purchase clicking Accept & Download. Wait till the app will finish to download.
Step 6. Run Freedom and tap on the app you have just downloaded.
Step 7. Now you can make your in-app purchase.
Requirements: Android v2.2+ & ROOT NEED

Download Links: 708.1 KB

Saturday, March 23, 2013

Hard Disk ကိုကိုယ်တိုင် Partation ခွဲကြရအောင်



ကျွန်တော် ဆရာတော် အရှင်အိန္ဓက မေးထားတာလေး ရှိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. ကျွန်တော် အရင်ကလည်း  EASEUS.Partition.Master.v7.1.1  ကိုအသုံးပြုပြီး Partation ခွဲနည်းကို ဗီဒီယို ဖိုင်လေးတွေနဲ့ တင်ပေးခဲ့ဖူးပါတယ် .. အခုတော့ ကျွန်တော် HarDisk တစ်လုံးကို Partation ဘယ်လိုခွဲ လို့ရမလည်း ဘယ်လိုနည်းလမ်းနဲ့ ဆိုရင် အဆင်ပြေမလည်း Hard Disk တစ်လုံးကို Format ပြန်ချပြီး Partation အသစ်ဘယ်လို ပြန်ခွဲမလည်း ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ကျွန်တော် အခုရေးပေး သွားမယ့် နည်းလမ်းလေးကတော့ လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြုနေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. 

ကျွန်တော်ကတော့ Hard Disk တစ်လုံးကို Partation ခွဲချင်တဲ့ အခါမှာ EASEUS.Partition.Master.v7.1.1 ကိုအသုံးပြု ပါတယ် .. ဒီကောင်လေး ကိုကျွန်တော် ဘာကြောင့် အသုံးပြုရတာလည်း ဆိုတော့ အသုံးပြုရတာ အဆင်ပြေသလို မိမိတို့ ခွဲချင်တဲ့ ပမာဏကို စိတ်ကြိုက် တွက်ချက်ပြီး  ခွဲပေးနိုင်တာ ကြောင့်လည်း ဖြစ်ပါတယ်  .. ပြီးရင် အသုံးပြု ရတာလည်း  လွယ်ကူပါတယ် .. 

အရင်ဆုံး Hard Disk တစ်လုံးကို Partation ခွဲတာကို မဖော်ပြခင် မိမိတို့က လက်ရှိအသုံးပြုနေတဲ့ Hard Disk ကြီးတစ်ခု လုံးကို Format ချပြီး Partation အသစ်ကနေ ပြန်ပြီးတော့ ခွဲချင်သူတွေ အတွက် Windows Installation လုပ်ရင်းနဲ့ Hard Disk တစ်ခုလုံးကို Format ဘယ်လို ချရမယ် ဆိုတာကို ရှင်းပြပေးထားတဲ့ Video File လေး တင်ပေးလိုက်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Video File လေးကို သေချာကြည့် လိုက်တာနဲ့ Hard Disk အဟောင်း တစ်လုံးကို Partation အသစ်ပြန်ခွဲ ချင်တဲ့ အခါမှာ ဘယ်လို Format ချမလည်း .. နောက်တစ်ချက်က Hard Disk အသစ်တစ်လုံးကို Windows တင်တဲ့ အခါမှာ မူရင်း Hard Disk ကနေပြီးတော့ Partation အသစ် တစ်ခု ဖန်တီးပြီး Windows Installtaion ဘယ်လို လုပ်ဆောင် ရမလည်း ဆိုတာကို သဘောပေါက် သွားမှာ ဖြစ်ပါတယ် ..  U-Tube ကနေ ကြည့်လို့ အဆင်မပြေ သူတွေ ကတော့ အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ .. 



အပေါ်က Video File လေးကို ကြည့်ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ Partation ဘယ်လို ခွဲမလည်း ဆိုတဲ့ အပိုင်းကို ဆက်ပြီး သွားကြရအောင် ဗျာ .. ကျွန်တော် အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ Windows အတွင်းမှ Partation ခွဲခြင်းလို့ ပြောရင်လည်း ရပါတယ် .. ဒါတွေကို မပြောခင် သိထားသင့် တာလေးတွေကို အရင် ရှင်းပြပေး သွားပါမယ် .. Hard Disk တစ်လုံးကို Partation ခွဲပြီ ဆိုရင် အားလုံးပဲ သတိထား ကြည့်ကြည့် လိုက်ပါ .. အရင်ဆုံး File System ကို သတ်မှတ် ပေးတဲ့ အခါမှာ ကျွန်တော် တို့အနေနဲ့ အခုနောက်ပိုင်းမှာ NTFS အမျိုးအစား ကိုသာ ရွေးချယ် ကြတော့ပါတယ် .. NTFS ကို ရွေးချယ် ကြသလို ဘာကြောင့် NTFS ကိုရွေးချယ် ကြတယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ် .. 

အရင်တုန်းက Hard Disk တွေကို Partation ခွဲတဲ့ အခါမှာ FAT File System ကို အသုံးပြုကြပါတယ် .. FAT  File System တုန်းက ဆိုရင် ကျွန်တော်တို့ အနေနဲ့  Hard Disk ရဲ့ FAT File System ထဲမှာ အစုလေး တွေခွဲထား ပါမယ် ..အဲ့ဒီ အစုလေး တစ်စုရဲ့  Data တွေ သိမ်းဆည်း နိုင်တဲ့ ပမာဏကို 32 KB သတ်မှတ်ထားပါတယ် .. ကျွန်တော် တို့အနေနဲ့ အဲ့ဒီ အစုကလေးတစ်ခုမှာ အချက်အလက် တစ်ခုကို သိမ်းတော့ မယ်ဆိုရင် အစုတစ်ခုကို Freespace က 12 KB ယူပါတယ် .. အဲ့ဒီအတွက် ကျွန်တော် တို့အနေနဲ့ သိမ်းလာတာ များလာပြီ ဆိုတာနဲ့  Freespace ကလည်း များလာမှာ ဖြစ်ပါတယ် .. ဒါက FAT  File System တုန်းကပါ ..

အခုနောက်ပိုင်း NTFS File System မှာကျတော့ ကျွန်တော်တို့ အနေနဲ့ စောစောက အစုကလေး တစ်စုမှာ အချက်အလက် တွေကို သိမ်းတဲ့အခါ ပေးလိုက်ရတဲ့ Free Space 12 KB နေရာမှာ 4 KB အထိ ချုံလိုက်တာ ဖြစ်တာအတွက် အချက်အလက်တွေ သိမ်းတဲ့အခါမှာ အရင် FAT File System တုန်းက ထက်စာရင် NTFS မှာ Free Space နည်း သွားတဲ့အတွက် သိမ်းဆည်းဖို့  Space ပိုများလာမှာ ဖြစ်ပါတယ် .. ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့ အနေနဲ့  Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် File System မှာ NTFS ကို အသုံးပြု ကြတော့တာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ Primary နဲ့ extended သတ်မှတ် ကြတာပဲ ဖြစ်ပါတယ် .. extended ကို Secondary Partation လို့လည်း ခေါ်ပါတယ် .. Primary Partation ကိုထားမယ် ဆိုရင် Hard Disk တစ်လုံးမှာ အများဆုံး Partation လေးပိုင်း အထိပဲ ထားလို့ ရတယ်ဆိုတာကို သိထားဖို့ လိုပါတယ် .. အများ အားဖြင့်တော့ Primary Partation ကို C တစ်ခုကို သားထားပြီး ကျန်တဲ့ Partation တွေကို ( Ectended ) Logical Partation ကိုသာ ထားကြပါတယ် .. Logical Partation ကတော့ အပိုင်း ( 24 ) ပိုင်းအထိ ထားလို့ ရပါတယ် .. ဒါပေမယ့် A နဲ့ B တော့ မပါပါဘူး ။။ A နဲ့ B က Floppy Drive အတွက် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ် ..

ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Primary Partation အကြောင်းကို အနည်းငယ် ပြောပြချင် ပါတယ် .. Primary Partation ဆိုတာ Windows တင်တဲ့ အခါမှာ Primary Partation မှာသာ Boot လုပ်ပေးတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ Windows Installation တွေ ပြုလုပ် တော့မယ်ဆိုရင် Primary ဖြစ် သတ်မှတ် ပေးထားတဲ့ Partation ပေါ်မှာသာ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ် .. နောက်တစ်ချက် လက်ရှိ သုံးနေတဲ့ Hard Disk ဟာ Badsector တွေများ ပြီး ပျက်စီးဖို့ များနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ Hard Disk ကြီးတစ်ခုလုံးကို Format ရိုက်ပြီး Partation တွေကို Primary ထားပြီး အသုံးပြု ခြင်းကလည်း Hard Disk ဆက်လက် အသုံးပြု နိုင်ဖို့ အတွက် အချိန် ဆွဲဆန့်ပေးနိုင်မှာ ဖြစ်ပါတယ် .. ဒီနေရာမှာ Primary Partation ကို 4 ပိုင်းသာ ထားနိုင်တယ် ဆိုတာကိုတော့ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ် ..

ကဲဒါဆိုရင်တော့ မိမိတို့ အနေနဲ့ Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် ဘာတွေကို ဘယ်လို သတ်မှတ် ပေးနိုင်တယ် ဆိုတာကို သိသွားပြီလို့ ထင်ပါတယ် .. ဆက်ပြီးတော့ EASEUS.Partition.Master.v7.1.1  ကို အသုံးပြုပြီး Partation ဘယ်လို ခွဲရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ Video File လေးတွေ တင်ပေးထားပါတယ် .. ဒီ Video File  လေးတွေကို သေချာကြည့်လိုက်တာနဲ့ အားလုံးပဲ အဆင်ပြေပြေ နဲ့ လုပ်ဆောင် တက်သွားပါလိမ့်မယ် ..  ကျွန်တော် နည်းနှစ်နည်း တင်ပေးထားပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ Partation တွေကို ပိုင်းတဲ့အခါမှာ MB နဲ့သာ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ 1 GB မှာ 1024 MB ရှိတယ် ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ် .. ဒါမှသာ တွက်တဲ့အခါမှာ အဆင်ပြေမှာ  ဖြစ်ပါတယ်. .. EASEUS.Partition.Master.v7.1.1  ကိုတော့ အောက်မှာ တင်ပေးထားပါတယ် ..

Partation တစ်ခုမှအသစ်ထပ်ခွဲခြင်း 

 

.ရှိပြီးသား Partation များထဲမှအသစ်ထပ်ခွဲခြင်း

.







Downloading From Ifile.it


Downloading From Ziddu


Downloading From Ziddu

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..